သေချာတာတခုကတော့ ချစ်ခြင်းတစုံနဲ့ ရင်လွဲခဲ့တဲ့ နတ်ဆိုးတကောင်ရဲ့ ရှိုက်သံထဲမှာ နာကျင်မှုတွေ မပါဘူးလို့ ဘယ်သူပြောလည်း

Tuesday, September 14, 2010

သူငယ်ချင်းများ(သို့)

သူငယ်ချင်းများ(သို့)

တက္ကသိုလ်မှာတွေ့ ခင်မင်ကြ၍
ပြောမနာဆိုမနာဖြစ်ခါလာကြကာ
ပျော်စရာကမ္ဘာလေးကို တည်ဆောက်ပေးခဲ့တဲ့
အမိတက္ကသိုလ်ကို ကျေးဇူးကမ္ဘာ
တယောက်ကရှည် ရှည်နှာမွန်နေ၍
ကောင်မလေးနောက်တကောက်ကောက်လိုက်ကာ
ကြောင်မှ နာမည်လေးရ
အူးရှီး အစိုင်း
တစ်ယောက်ကမည်းမည်း အမြဲညစ်ကာနေခါမှာပဲ
ခရီးတခေါက် ကားပေါ်ရောက်မှ
ခရီးသည်များ စပါယ်ယာလား
မှားကာအကြွေလေးထုတ်ကာပေးမှ
နာမည်ရသည် စပါယ်ယာမောင်သန့်
တယောက်ကချောချော အပြောအဆိုညက်
အသက်ကလေးရေငယ်
လှသွေးကြွယ်တော့ နာမည်ပေးကြ
ကျွန်တော်ကတော့ မောင်တော်လေးနတ်ဆိုး




☻☻☻☻☻☻☻☻☻☻





တက္ကသိုလ်တုန်းက အတွဲညီခဲ့ကြသော
အရပ်မေတ္တာခံယူခဲ့ကြသော
အခုဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း
မသိသော သောင်းကျန်းဖေါ်သောင်းကျန်းဖက်
သူငယ်ချင်းများကို အမြဲအမှတ်ရလျက်
(အချစ်နတ်ဆိုး)
ဘဝရဲ့လမ်းတကွေ့မှာ ခဏသာဆုံစည်းခဲ့ကြပေမဲ့
အမြဲသတိရနေမှာပါ သူငယ်ချင်းရေ

0 comments:

Post a Comment