သေချာတာတခုကတော့ ချစ်ခြင်းတစုံနဲ့ ရင်လွဲခဲ့တဲ့ နတ်ဆိုးတကောင်ရဲ့ ရှိုက်သံထဲမှာ နာကျင်မှုတွေ မပါဘူးလို့ ဘယ်သူပြောလည်း

Tuesday, September 14, 2010

နောက်ဆုံး

မင်းကို ငါသတိရနေတဲ့အချိန်
မင်းက တစ်ခြားတစ်ယောက်ကို
သတိရနေကောင်း သတိရနေလိမ့်မယ်..
မင်းကို ငါလွမ်းနေတဲ့အချိန်မှာ
မင်းက တစ်ခြားတစ်ယောက်ကို
လွမ်းနေကောင်း လွမ်းနေလိမ့်မယ်..
မင်းကြောင့် ငါငိုခဲ့ရသလို
တစ်ခြားတစ်ကြောင့်
မင်း ငိုခဲ့ရကောင်း ငိုခဲ့ရလိမ့်မယ်။
မင်းအကြောင်း စဉ်းစားမိတဲ့အခါ
ငါ နာကျင်ရသလို့
တစ်ခြားတစ်ယောက်အတွက်
မင်း နာကျင်ရကောင်း နာကျင်ရလိမ့်မယ်..
မင်းရဲ့စိတ်ထဲမှာ တစ်ခြားတစ်ယောက်ရှိတာ သိနေပေမယ့်
မင်းကို မမေ့နိုင်တဲ့
ငါရဲ့ စိတ်ကို မုန်းနေမိတယ်..
ဒါပေမယ့်…မင်းနှလုံးသားတစ်ထောင့်တစ်နေရာမှာ
ငါ မရှိခဲ့ဘူးဆိုရင်
ငါ့ရဲ့ နောက်ဆုံးထွက်သက်ထိ
မင်းနဲ့ငါ ပြန်လည်တွေ့ဆုံခွင့် မရပါစေနဲ့လို့
နောက်ဆုံးအနေနဲ့
နာကျင်စွာ ဆုတောင်းနေမိတယ်...
‘ အရှုံးတွေနဲ့ ငိုနေတဲ့ ငါကို
မမြင်စေချင်လို့ပါ ’
....

1 comments:

သဒ္ဓါလှိုင်း said...

ကဗျာလေးကိုခံစားဖတ်ရှုသွားပါတယ်..။
အားပေးနေမယ်နော်။။
ခင်မင်စွာ
သဒ္ဓါလှိုင်း

Post a Comment