ဘယ်သူသိနိုင်မှာလဲ
သူ့အပြုံးတစ်ချက် လင်းလက်တဲ့ခဏ
အရာအားလုံးပျောက်ကွယ် လေဟာနယ်ထဲလွင့်မျောလို့သွားတာ..
ဘယ်သူသိနိုင်မှာလဲ
သူပေးတဲ့အကြင်နာ ဖြူစင်တာမှန်ပေမယ့်.
ပြောင်းလဲနေတဲ့ နှလုံးခုန်သံကို ထိန်းချုပ်လို့မရခဲ့တာ..
ဘယ်သူသိနိုင်မှာလဲ
ကမ္ဘာမြေမှာ သူရှိနေတယ်ဆိုတဲ့အသိလေးနဲ့
နွေးထွေးစွာရင်ခုန်ရင်း ရှင်သန်နေထိုင်ခဲ့ရတာ.....
ဘယ်သူသိနိုင်မှာလဲ
"ချစ်တယ်" ဆိုတဲ့စကား ပြောခွင့်မရှိတဲ့ဘ၀မှာ
သူတို့နှစ်ဦးကြည်နူးနေတာကို အဝေးကငေး လွမ်းဆွေးနေခဲ့တာ...
ဘယ်သူသိနိုင်မှာလဲ
သူ့အပြုံးအပျော်တွေ မပျောက်ဆုံး
မပျက်စီးအောင် နှလုံးသားနဲ့ရင်းပြီး တောင်းဆုခြွေခဲ့တာတွေ...
ဘယ်သူသိနိုင်မှာလဲ
နှလုံးသားနဲ့ ရင်းပြီးချစ်ခဲ့တဲ့အချစ်တွေ
သူ့အတွက်ဆိုတာ..
ဘယ်သူသိနိုင်မှာလဲ
ဟန်ဆောင်အပြုံး မျက်နှာဖုံးနှင့်
ပြုံးပျော်ရွှင်မြူး ၀မ်းသာကြည်နူးနေပေမယ့်
နှလုံးသားနုနုငယ်ငယ်မှာ တစိမ့်စိမ့်ရွာတဲ့မိုးလို
မစဲထာဝရ ငိုနေရတယ်ဆိုတာ....
ဘယ်သူသိနိုင်မှာလဲ!!!
ဘယ်သူသိနိုင်မှာလဲ!!!
ဘယ်သူသိနိုင်မှာလဲ!!!
ဘယ်သူသိနိုင်မှာလဲ!!!
Tuesday, September 14, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment