ထာဝရသခင်
မချစ်စဖူး အချစ်ဆုံးမို့
မလွမ်းစဖူး အချစ်ရူးလို့
ဆိုချင်ဆိုပါ
အရာရာတိုင်းပေးဆပ်ပါစေ
အို……………သခင်
သခင်အတွက် ပေးဆပ်ခြင်းမှာ
အချစ်တခုတည်း(အတွက်)မဟုတ်
နှလုံးသားတခုတည်း (အတွက်)မဟုတ်
ဖြစ်လေရာဘဝ သံသရာမှာ
သခင်စေလိုရာကို လမ်းညွန်နိင်မဲ့
လမ်းပြကြယ်လေး (အဖြစ်နဲ့)
သခင်အနားက တဖဝါးမှ မခွာမဲ့
အရိပ်ကလေး (အဖြစ်နဲ့)
ရင်ခုန်သံတိုင်း အသက်ရှုတိုင်း
သခင်အတွက် “ခ” စားခွင့်အသင့်
ဘာလိုသေးလဲ?
ထာဝရ……….သခင်
သခင်အတွက် စစ်ပွဲတိုင်းကို
အမှုတော်ထမ်းဖို့ (လဲ)
အသင့်ပါ သခင်…………
ဒါပေမဲ့……………သခင်
အမုန်းစစ်ပွဲတော့
မတိုက်ပါရစေနဲ့
ကျွှန်ုပ် စစ်သူကြီးမှာ
အသည်းကွဲစရာ
အသည်းနှလုံးမရှိတော့လို့ပါ
♥♥♥သခင်♥♥♥
post by:အချစ်နတ်ဆိုး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment