သေချာတာတခုကတော့ ချစ်ခြင်းတစုံနဲ့ ရင်လွဲခဲ့တဲ့ နတ်ဆိုးတကောင်ရဲ့ ရှိုက်သံထဲမှာ နာကျင်မှုတွေ မပါဘူးလို့ ဘယ်သူပြောလည်း

Tuesday, September 14, 2010

ဖန်ခွက်

တိတ်ဆိတ်တဲ့ ငါ့အခန်းထဲ
မျက်ရည်တွေနဲ့ ဆေးကြောမိပြန်ပြီ....
စဉ်းစားဦးမယ်
တဲ့လား?
စိတ်ဆိုးတာ မဟုတ်ပါဘူး....
ဝမ်းနည်းမိရုံပါ.........
ဒါပေမဲ့
မလိုအပ်ဘူးထင်ရင်
အစကတည်းက (မင်း) ရှေ့မတိုးခဲ့သင့်ဘူး
အခုတော့
မရည်ရွယ်ပါဘူးလို့ဆိုရင်တောင်
ငါမေ့ထားတဲ့ အတိတ်တွေ
ပြန်ရှင်သန်လာသလိုမျိုး .........
ငါ့ကိုနာကျင်စေတယ်...
ငါက မင်းအတွက်
ဝိုင်ချိုချိုတစ်ခွက်မဟုတ်တာ
သေချာရင်
မှောက်ပစ်လိုက်ခွင့် မင်းမှာရှိတယ်......
ဒါပေမဲ့
ခွက်ကိုတော့ မခွဲပစ်စေချင်ဘူး..............

0 comments:

Post a Comment