သေချာတာတခုကတော့ ချစ်ခြင်းတစုံနဲ့ ရင်လွဲခဲ့တဲ့ နတ်ဆိုးတကောင်ရဲ့ ရှိုက်သံထဲမှာ နာကျင်မှုတွေ မပါဘူးလို့ ဘယ်သူပြောလည်း

Thursday, September 16, 2010

လက်တွေ့

အချစ်ဆိုတာ တခြားလူတွေအတွက်တော့
စိတ်ကူးယဉ်ဆန်တဲ့ နယ်မြေလေး
ဖြစ်ချင်ဖြစ်နိုင်တယ်.....။
ကြည်နူးစရာ ပန်းတွေဝေနေမယ်

ချစ်သူနဲ့ လက်ခြင်းတွဲပြီး မြက်ခင်းတွေပေါ်
လမ်းလျှောက်နိုင်တယ်.....။
ကျွန်တော့အတွက်ကတော့ အချစ်ဟာ
ရောမခေတ် စစ်ပွဲတစ်ပွဲလိုပါပဲ.....။
ဘာဖြစ်လို့လဲဆိုတော့...
ပင်လယ်ပြင် ထဲမှာ အသက်လုပြီး
အောင်နိုင်ခြင်းအတွက် ဘဝနဲ့အသက်ကို
လောင်းကြေးထပ်ထားရလို့ပါပဲ.....။
တကယ်တော့ သေချာတာက....
မင်းအနားမှာ ထာဝရရှိချင်တာပါ...
အခက်အခဲတွေကြားထဲမှာ
မင်းကိုမဆုံးရှုံးနိုင်လို့ပါ.....။
မင်းနဲ့ ဝေးနေတဲ့ နေ့ရက်တွေမှာ
စက္ကန့်ပိုင်းလေးအွန်လိုင်းပေါ်မှာ

စကား ပြောနေရတာကိုပဲ
ကျေနပ်နေရတဲ့ လူတစ်ယောက်ပါကွာ.............။

0 comments:

Post a Comment