Thursday, November 4, 2010
ပင်လယ်ပျော်
အမိက ပင်လယ် အဖက သင်္ဘော ဘ၀ရဲ့ အထီးကျန်ခြင်းတွေ ကို ဥပက္ခာ ပြု ရင်း ရွက် လွင့်ဦးမယ် တရက်ပြီး တရက် .... ရည်ရွယ်ချက် များ ရှိရာ ဆီသို့ .......................
ယုံကြည်ခြင်း
ယုံကြည်ခြင်းဆိုတာ မြစ်လိုမပြတ်တမ်း စီးဆင်းပြီး သစ်ပင် ပန်းပင်လို ဝေဆာ ခြင်းပါတဲ့...........
Monday, September 20, 2010
ကောက်တေး
သွန်သွင်ဆုံးမပြီး တားမြစ်လို့မရတဲ့အရာတခုရှိတယ် အဲဒါ အချစ်ပါပဲ..............အချစ်ဟာ ကောက်တေးတခွက်သောက်ရသလိုပဲ အရောင်လှတယ် ချိုမြိန်တယ်။ မနေ့ညက ကျွှန်တော် ကို့ဘာသာကောက်တေးတခွက်ဖျော်စပ်ပြီး သော်ကြည့်မိတယ်။ ရိုးရိုးလေးပါပဲ ဂျင်တဆ သကြားရည်တဆ လိမ္မာရည် နှစ်ဆခွဲ တင်လဲ့ ဖြူနည်းနည်းနဲ့ သံပရာသီးတစိတ်ညစ်ထားတဲ့ ကောက်တေးပြင်းပြင်းလေးတခွက် ပေါ့။ ကမ္ဘာမှာ ကောက်တေးကို တီထွင်ဖေါ်စပ်တဲ့ လူတွေက သူတို့ကောက်တေးကို နာမည်အမျိုးမျိုးပဲ ပေးတတ်ကြတယ်။ Pink lady /habour kiss တို့ နာမည်အမျိုးမျိုးပေါ့ ကျွှန်တော်လည်း ကျွှန်တော် ကောက်တေးကို နာမည်ပေးမိတယ်......dream roseကောက်တေးဆိုပြီးတော့
အိုင်ဒီယာ
အချစ်ဆိုတာ အသိဥာဏ်ရှိတဲ့ လူတွေအတွက်တော့ အင်းအားပဲ
အသိဥာဏ်မရှိတဲ့ လူတွေ အတွက် မိုက်မဲမှု တခုဆိုတာ အသေအချာပါပဲ
ဖွာလန်ကြဲ အလွမ်း
အသစ်မဟုတ်ပဲနေရောင်နဲ့
ပန်သထားတဲ့မနက်ခင်း တခုမှာ
ကျွှန်တော်အရူးအမှုးဖြစ်နေတာက
တော့ အိမ်မက်ထဲက မွေးမြတဲ့
နားရွက်ကလေးတဖက်ပါပဲ
လေကလည်းတဟူးဟူးတိုက်နေတယ်
နှလုံးသားပေါ်မှာ ခိုးကိုးရာမဲ့
ကျီးကန်းတကောင်ဟာလည်း
တစာစာ အော်နေတယ်
အလွမ်းတွေ ဖွာလန်ကြဲလို့
စွပ်ပြုတ်
စွပ်ပြုတ်လို့ အခေါ်ခံရတဲ့ မိန်းမ ဟာ ခပ် ညံညံမိန်းမပဲ ဖြစ်မှာပါ..............စွပ်ပြုတ်ကြိုက်တဲ့ ယော်က်ျားကလည်း ခပ်ညံညံ ယောကျာ်းပဲ ဖြစ်မှာပါ......ခပ်ညံညံ စွပ်ပြုတ်တခွက်ကို မသောက်မိ ဖို့ပဲ အရေးကြီးပါတယ်.....
Thursday, September 16, 2010
အချစ်
အချစ်
ပေးဆပ်ခြင်းလည်းရှိသလို
ရယူခြင်းလည်း ရှိတယ်
စွန့်လွတ်ခြင်းလည်းရှိသလို
ပိုင်ဆိုင်ခြင်းလည်းရှိတယ်
ပျော်ရွင်မှုတွေရှိသလို
မျက်ရည်တွေလည်းရှိတယ်
အနာဂါတ်ဆိုတာရှိသလို
အတိတ်ဆိုတာလည်းရှိတယ်
သတ္တိတွေ ရှိသလို
စိုးရိမ်မှုတွေလည်း ရှိတယ်
အကောင်းဆုံးဆိုတာတွေရှိသလို
အဆိုးဆုံးဆိုတာတွေလည်း
ပြည့်ကျပ်နေလေရဲ့
နေတတ်ရင်ကျေနပ်စရာပဲ
ဆိုတဲ့လောကကြီးမှာ
အချစ်ဆိုတာ
လူတွေ အတွက် မရှိမဖြစ်
ဆိုတဲ့ စိတ်ခံစားမှုတခုပါ
တကယ်တော့ အချစ်ဆိုတာ
ချစ်နေဖို့ပဲ လိုတာပါ
အချစ်ဆိုတာ အချစ်ပါပဲ
Love is Love
Subscribe to:
Posts (Atom)